သင့်ရဲ့ အကောင်းဆုံးသော အပေါင်းအဖော်

ပိုမိုရိုးရှင်း စမတ်ကျသော ကိုယ်ပိုင်အမှတ်သညာပြုမှုနဲ့ ZenUI သုံးစွဲမှု အတွေ့အကြုံ

လွတ်လပ်မှု၊ ချိတ်ဆက်မှုနဲ့ ခံစားမှုရသတွေက ကျွန်ုပ်တို့ရဲ့ ရင်သပ်ရှုမောဖွယ်ရာ အာရုံသိထိတွေ့မျက်နှာပြင်ဖြစ်တဲ့ ASUS ZenUI အတွက် အခြေခံကို ဖွဲ့စည်းထားတာပါ။ ZenMotion ၊ SnapView ၊ Trend Micro™ လုံခြုံရေးစနစ်နဲ့ ZenUI Instant Updates တွေ အပါအ၀င် ဖီးချားအသစ် အမျိုးမျိုးပါ၀င်ရုံမျှသာမက အလွန်လှပလက်ရာမြောက်တဲ့ ပုံရိပ်ဒီဇိုင်းတစ်ခု ပါရှိပြီး အသုံးပြုနိုင်မှုကို မြှင့်တင်ခြင်း၊ ဘေးကင်းလုံခြုံမှုကို သေချာစေခြင်းနဲ့ ပြေပြစ်သော သုံးစွဲသူ အတွေ့အကြုံ တစ်ရပ်ကို ဖော်ဆောင်ပေးခြင်းတို့ကို ပေးစွမ်းနိုင်ပါတယ်။

ZenUI™ အမှတ်တံဆိပ် အသစ်စက်စက်

ZenUI™ အမှတ်တံဆိပ် အသစ်စက်စက်

ASUS ZenUI မှာ စံချိန်မီအန့်ဒရိုက်ပရိုဂရမ်ချိတ်ဆက်မှုကို ပိုမိုကောင်းမွန်စေမယ့် ဖီးချား ၁၀၀၀ ကျော် ပါရှိပါတယ်။ သင့်အနေနဲ့ သတင်းအချက်အလက်တွေကို ရှေ့ဘက်အလယ်တည့်တည့်မှာ ထားရှိမယ့် ပိုမိုသန့်ရှင်းသော ဒီဇိုင်းတစ်ခု အတွက် အဖြူကွက်ကို ချဲ့ထားတဲ့ စတိုင်ကျသော ပုံစံသစ်တစ်ခုနဲ့အတူ ပိုမိုရိုးရှင်းစမတ်ကျတဲ့ အတွေ့အကြုံတစ်ခုကို ခံစားရပါလိမ့်မယ်။ ZenUI အမှတ်တံဆိပ်အသစ်စက်စက်က ပိုမိုရိုးရှင်း၍ သပ်ရပ်တောက်ပရုံမျှသာမက ပို၍ပင် လှနေပါသေးတယ်။ သူက သင့်ရဲ့လိုအပ်ချက်တွေကို သိရှိသလို သင့်အတွေ့းအခေါ်နဲ့ ခံစားချက်တွေကိုလည်း ဖော်ပြပေးပြီး သင်ဘယ်သွားသွား သင့်ကို ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရောင်းချခဲ့သည့် ZenUI ဖုန်းအလုံးရေ
၁၈,၀၀၀,၀၀၀ +
Google Play မှတစ်ဆင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဒေါင်းလော့လုပ်ခဲ့သည့် ZenUI အပလီကေးရှင်း အရေအတွက်
၁၅၀,၀၀၀,၀၀၀ +

ZenUI™ အသစ်ကို ရှာဖွေပါ

  • ZenMotion

    အရာရာတိုင်းအတွက် ရှော့ကပ်တစ်ခု ရှိပါတယ်

    ရိုးရှင်းပြီး အသုံးပြုရလွယ်ကူသော ကိုယ်အမူအယာ သငေ်္ကတများက လျပ်တစ်ပြက်အတွင်းမှာ အပလီကေးရှင်းတွေကို ဖွင့်ပေးပါတယ်။

  • ZenMotion

    အရာရာတိုင်းအတွက် ရှော့ကပ်တစ်ခု ရှိပါတယ်

    လက်တစ်ဖက်ဖြင့် နှိပ်လို့ရသော အနေအထားသို့ တို့ထိပါ

  • ZenMotion

    အရာရာတိုင်းအတွက် ရှော့ကပ်တစ်ခု ရှိပါတယ်

    အချိန်ပြည့်အရန်သင့်ရှိနေစေရန် ဖန်သားမျက်နှာပြင်ကို နှစ်ချဆက် တို့ထိပါ

  • ZenUI Launcher

    အသုံးပြုရန်အတွက် ပိုမိုလွယ်ကူ နှစ်သက်ဖွယ်ကောင်းခြင်း

    အလွယ်တကူအသုံးပြုရန်ဖန်တီးထားသောအသုံးဆောင်ကိရိယာတွေကို ရယူသုံးစွဲနိုင်ဖို့ မူလမျက်နှာပြင် ပေါ်မှာ အထက်ကို ဆွဲမလိုက်ပါ။ သင့်ရဲ့မျက်နှာပြင်ပုံကို ရွေးချယ်ခြင်း၊ သင့်အိုင်ကွန်တွေကို ရွေးထုတ်ခြင်းနဲ့ သင့်အပလီကေးရှင်းတွေကို စီမံခြင်းတို့အား အချိန်အနည်းငယ် အတွင်း ဆောင်ရွက်နိုင်ပါတယ်။ ပြီးတော့ သင့်လို တစ်မူထားခြားတဲ့ စတိုင်တစ်ခုကို ဖန်တီးပါ။

  • ZenUI Launcher

    ပုံမှန်လှုပ်ရှားပုံရိပ်များက တို့ထိမှုတိုင်းအတွက် ပျော်ရွှင်မှုကို ဖြည့်စည်းပေးပါတယ်။

    ထူးခြားဆန်းပြားတဲ့ ZenUI စတင်မှုစနစ် လှုပ်ရှားမှုပုံရိပ်တွေရဲ့ စတိုင်အမျိုးမျိုးမှ ရွေးချယ်ရန်

  • ZenUI Launcher စနစ္

    သင်လိုချင်သောပုံစံများနဲ့ ဖိုင်များ

    သင်ရွေးချယ်နိုင်တဲ့ ပျော်ရွှင်မှုမျိုးစုံဖြစ်စေသော လက်တွေ့အသုံးချ ဖိုင်ပုံစံများ

  • ZenUI Launcher စနစ္

    သင်ခိုက်သွားမယ့် ပရိုဂရမ်သငေ်္ကတများ

    သင့်ရဲ့ ပင်ကိုစရိုက်နဲ့ ကိုက်ညီမယ့် လှပသော အမှတ်သငေ်္ကတများ

  • Theme များ

    သင့်စိတ်နှင့် လိုက်ဖက်ညီသောအရာကို ရွေးပါ

    ရင်သပ်ရှုမောဖွယ်ရာဒီဇိုင်းပုံစံတွေက ZenUI တိုင်းရဲ့ အနုပညာ လက်ရာမြောက်မှုကို စတင်မှုစနစ်မှသည် ဖန်သား မျက်နှာပြင် သော့အထိ၊ အပလီကေးရှင်း သငေ်္ကတများနှင့် မျက်နှာပြင်ပုံတို့မှသည် အမြန်သွား အပြင်အဆင်များအထိ ပြင်ဆင်ပေးထားပါတယ်။

  • လိုသလိုအသုံးပြုနိုင်သော ဖောင့်

    အမိုက်စားပုံစံရှိသော ဖောင့်၊ အမိုက်စားပုံစံရှိသော အမြင်များ

    စည်းစနစ်ကျကျ ရေးဆွဲထားတဲ့ စနစ်ပိုင်းဆိုင်ရာဖောင့်က အရာရာကို ဖတ်ရှု့ရ လွယ်ကူစေပါတယ်။

  • လျှပ်တပြက် မြင်ကွင်း

    အလုပ်နဲ့ ကိုယ်ရေးကိုယ်တာဘ၀ကို ခွဲခြားထားပါ

    သင့်ကိုယ်ရေးကိုယ်တာအကြောင်းအရာကို ကိုယ်ပိုင်အဖြစ် သိမ်းဆည်းထားရန်နဲ့ သင့်ပရော်ဖက်ရှင်နယ် ဘ၀ကို လုံခြုံ စေရန်တို့အတွက် ထိုနှစ်မျိုးစလုံးကို စီမံခန့်ခွဲပေးမယ့် တစ်ခုခြင်းစီ အသိပေးခြင်းနှင့်အတူ လွတ်လပ်သော ရပ်၀န်းများ

  • ကိုယ်ရေးကိုယ်တာ အဆက်အသွယ်များနဲ့ မက်ဆေ့ချ်ပေးခြင်း

    ကိုယ်ရေးကိုယ်တာကိစ္စကို အလွယ်တကူ အကာကွယ်ပေးခြင်း

    လျို့၀ှက်အဖွင့်/အပိတ် စနစ်တွေနဲ့ PIN ကုဒ်နံပါတ်ဖြင့် အကာကွယ်ပေးထားသော မက်ဆေ့ချ်ပို့ခြင်းတို့ဖြင့် လုံခြုံအောင် ဆောင်ရွက်ပြီး သင့်ရဲ့ ကိုယ်ရေးကိုယ်တာဆက်သွယ်မှုတွေကို ထိန်းသိမ်းပါ။

  • Kids Mode

    လူငယ်လူရွယ်များအတွက် ဘေးကင်းလုံခြုံသော ကစားကွင်း

    သင့်ရဲ့ဖုန်းကို မိဘများထိန်းချုပ်မှုစနစ်နဲ့ အချိန်ပေးစက်တို့ဖြင့် သင့်ကလေးတွေအတွက် ပညာရေးနဲ့ ဖျော်ဖြေရေး အချက်အချာနေရာတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။

  • Browser

    ဘေးကင်းလုံခြုံသော အွန်လိုင်းအတွေ့အကြုံ

    ဒုက္ခပေးသော ၀က်ဆိုဒ်တွေနဲ့ သတင်းအချက်အလက် လိမ်လည်ရယူရန် ကြိုးပမ်းမှုတို့အပြင်အသက်အရွယ် အခြေပြု အကြောင်းအရာကန့်သတ်မှုတို့ကို Kids Mode မှ စစ်ထုတ်ရန်အတွက် တင်ကြိုကာကွယ် ပေးထားပါတယ်

  • အပြာရောင်မှန်စစ်

    သင့်မျက်လုံးကို သက်တောင့်သက်သာရှိအောင် ဆောင်ရွက်ပါ

    လိုက်လျောညီထွေမှုရှိအောင် ဆောင်ရွက်ထားတဲ့ အလင်းရောင်ပေးစနစ် နည်းပညာက အပြာရောင် ထုတ်လွှင့်မှုကို လျော့ချပေးတာကြောင့် သင့်အနေနဲ့ မျက်လုံးအောင့်ခြင်းမရှိဘဲ စာကြာကြာ ဖတ်နိုင်ပါလိမ့်မယ်။

  • Photocollage

    ရိုးရှင်းလွယ်ကူ၍ ပျော်စရာကောင်းသော

    သင့်ရဲ့ကိုယ်ပိုင်အကြောင်းအရာတွေကို အံ့သြဖွယ်ကောင်းတဲ့ ပုံစံပြားနဲ့ ပရော်ဖက်ရှင်နယ်ကျသော ဓာတ်ပုံပြုပြင်မှုတို့ကို အသုံးပြုပြီး ဖန်တီးပါ။

  • MiniMovie

    စလိုက်ရှိုးတွေကို ကျွမ်းကျင်သူတစ်ဦးအလား ဖန်တီးပါ

    သင့်ရဲ့ဓာတ်ပုံတွေကို သင့်ရဲ့ကိုယ်ပိုင်စာတန်းနဲ့ သီချင်းတွေ အသုံးပြုပြီး နှလုံးထိစေသော ရုပ်ရှင်များအဖြစ် ပြောင်းလဲပြီး

ZenUI က သင့်ရဲ့သဘောထားမှတ်ချက်တွေကို နားစွင့်လျက်ရှိပါတယ်

တစ်နေ့ ၂၇ နာရီ၊ တစ်ပတ် ၇ ရက်နှုန်းဖြင့် သင့်ကို ၀န်ဆောင်မှု ပေးနေပါတယ်

၁၀၀ ဂစ်ဂါဘိုက်ပမာဏရှိ
Google Drive သိမ်းဆည်းမှုကို အခမဲ့ ရယူလိုက်ပါ

သင့်ရဲ့ ZenFone 2 Laser က ၁၀၀ ဂစ်ဂါဘိုက်ပမာဏရှိ Google Drive သိမ်းဆည်းမှုကို နှစ်နှစ်မျှ အခမဲ့ ရယူခြင်းနဲ့အတူ ပေါ်ထွက်လာတာပါ။

ZenFone 2 Laser နဲ့ Google Drive တို့ဖြင့် သင်သွားလေရာနေရာမှာ ဖိုင်များ ရယူနိုင်သည့် အံ့အားသင့်ဖွယ် အကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။ ဤကမ်းလှမ်းချက်ကို Google Drive ပေါ်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ လျောက်ထားခြင်းဖြင့် သုံးစွဲပါ။

ပိုမိုသိရှိနိုင်ရန်
၁၀၀ ဂစ်ဂါဘိုက်ပမာဏရှိ Google Drive သိမ်းဆည်းမှုကို အခမဲ့ ရယူလိုက်ပါ။